|
|
|

ရက်ရက်စက်စက် စက်တင်ဘာ |
ဘုရား တရားမသိ
မိစ္ဆာဒိဠိတွေရဲ့ 
မိုက်မဲရမ်းကား
အကြမ်းဖက်မှုများကြောင့်
ရက်ရက်စက်စက် ရက်စွဲများနဲ့ 
ရင်နာစရာ စက်တင်ဘာဟာ
သွေးဝတ်စုံကို ခြုံလွှမ်း
သွေးသင်္ကန်းကို ဆင်မြန်းခဲ့ရပြီ...။
အဓမ္မ၀ါဒီတွေဟာ
ဓမ္မဓိဌာန်ကျကျ တွေးခေါ်စဉ်းစားမှုမရှိပဲ
တယူသန်အစွဲ
မူမမှန်လွဲခဲ့ကြတယ်.....၊
လူ့ကျင့်ဝတ်တွေ ဖောက်ဖျက်
ဂတိတွေ အကြိမ်ကြိမ်ပျက်ရင်း
အရှက်တရား ကင်းမဲ့သူတွေဖြစ်လာတယ်...၊
လူမှုဒုက္ခ ကျင်းထဲကြပ်ထဲ
ဘ၀၀ဲဂယက်က ရုန်းထွက်တဲ့
ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို
ရန်သူလို ဆက်ဆံလာတယ်.....၊
တိုင်းပြည်ဟာ သွေးချေုာင်းစီးခဲ့တယ်၊
ဘုရားဆည်းလည်းသံတွေ ရှိုက်ငိုကြွေးနေတယ်၊
ကျောင်းခေါင်းလောင်းတွေ ဒေါသသံထွက်နေတယ်၊
တောင်တန်းတွေဟာ တော်လဲသံနဲ့ ကမ္ဘာမကြေသီချင်းသီဆိုနေတယ်၊
လူသေအလောင်းတွေ စီးမျောနေတဲ့
ပင်လယ်ဟာ နာကျည်းစွာ အော်ဟစ်နေပြီ၊
လောက တခုလုံး
အုံးအုံးကျက်ကျက် ငလျင်သံထွက်ခဲ့ပြီ....။
|
Aung Khaing Myint
1th Anniversary of Burma Saffron Revolution
|
|
|