အာဏာရှင်မှန်သမျှ ကျဆုံးစေရမည်

ငါတော့ မေ့လို့ မရနိုင်ဘူး

ဒီနေ့ ဒီရက် ဘယ်တော့မှ ငါမမေ့ခဲ့
မြန်ပြည်တလွား အထွတ်အမြတ်ထား
သံဃာတော်ရဲ့ သွေးစက်များ
မဟာပထ၀ီ မြေကြီးပေါ်စီးဆင်းလို့ သွား
စက်တင်ဘာဆိုတဲ့ နေ့ ညများ။
ငရဲပြည်ကိုရောက်နေတဲ့ ဦးနေ၀င်းလက်အောက်က
လွတ်မြောက်လာကြတဲ့ ငရဲသားတွေအလား
သံဃာတော်တွေရဲ့  လည်ပင်းကို ကြိုးကွင်းစွပ်လို့ ထား
ဒရွတ်တိုက်ဆွဲသွားတဲ့ လမ်းကြောင်းများ
ကျောက်သားလို ထုဆစ် ကျန်ရစ်နေခဲ့တာလဲ
ဒီစက်တင်ဘာ လပါပဲ။
ညည့်နက်သန်းခေါင်ယံ မဲမှောင်မှောင်ထဲ
ဘက်နက်ရောင်တ၀င်းဝင်းနဲ့  သာသနာနယ်မြေအတွင်းကို
စစ်ဘီလူးတွေ စီးနင်းလို့ ဝင်
သံဃာတော်တွေရဲ့  လည်းပင်းကိုတက်နင်း
ဘုရားရှင်ကို အမြဲနီးကပ်လို့ ဦးလျှက်နေတဲ့
လက်ဖ၀ါး နုနုလေးတွေကို လက်ထိပ်ခတ်
ရုန့် ရင်း ကြမ်တမ်းတဲ့ စကားလုံးတွေနဲ့ နှိုင်း
ကျောင်းတော်ပေါ်က တရွတ်တိုက်လို့ ဆွဲချတဲ့
စစ်ဘီလူးတွေရဲ့  ခြေရာနက်နက် ထိုးထွင်းလို့ 
ငွေကြာယံကျောင်းတိုက်က သက်သေပြနေတာလဲ
ဒီစက်တင်ဘာ လပါပဲ။
မိုးကြိုးမုန်တိုင်းနဲ့  အတူ
မိုးစက်ရိုင်းရိုင်းတွေရွာချလို့  ဒီရေတွေ ဆင်လို့ 
မိုးပေါ်က ကြယ်ပွင့်များ ဒီရေနဲ့ အတူ လွင့်စင်သွားမယ်
စစ်ဘီလူးတွေ လက်ချက်နဲ့  ကျခဲ့တဲ့ သွေးကွက်များ
ပြတ်သားစွာကျန်ရစ်နေဦးမှာလဲ
ဒီစက်တင်ဘာ လပါပဲ။
ကမာဖျက်ငလျှင်ပြိုလဲ မီးတောင်တွေပေါက်ကွဲလို့ 
ချော်ရည်တွေအောက်မှာ သတ္တ၀ါတွေပျောက်ကာ
ကမာမြေကြီးက သုညဖြစ်နေပါစေဦး
စစ်ဘီလူးတွေ လက်ချက်နဲ့ ကျခဲ့တဲ့သွေးကွက်တွေ
စွဲလျှက် ကျန်ရစ်နေဦးမှာလဲ
ဒီစက်တင်ဘာ လပါပဲ။
စက်တင်ဘာ မိုးစက်နဲ့ အတူ
အစပြုခဲ့တဲ့ ရွေဝါရောင်တော်လှန်ရေးဟာ
နအဖ စစ်ဘီလူးတွေကို အချက်ပေးနေတယ်ဆိုတာ
တို့ ပြည်သူတွေ သတိချပ်ပါ
စက်တင်ဘာ တော်လှန်ရေးရဲ့  သွေးအဆက်တွေ
မိုးစက်နဲ့ အတူ ပြေးထွက်လာခဲ့ဦး။

...........................................................ချစ်သွေး