မေ ၃၀ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု ကြီး (၇)နှစ် ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း (ဂျပန်နိုင်ငံ တိုကျိုမြို့)
30-5-2010
photo By Aye Thike
---------------------------------------------------------
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံမှတ်တမ်း (ဂျပန်နိုင်ငံ တိုကျိုမြို့)
27-5-2010
AUN-JP နှင့်NLD(LA)JB တို့ပူးပေါင်းပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲ အနိုင်ရခြင်းနှစ်(၂၀)ပြည့် အထိမ်းအမှတ်နှင့် ဦးခွန်ထွန်းဦးနှင့်တိုင်းရင်းသားခေါင်းဆောင်များ၊ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြပွဲဓာတ်ပုံ မှတ်တမ်း (ဂျပန်နိုင်ငံ တိုကျိုမြို့)
23-5-2010
Photo By Ye Myint Aung
ရွှေဒေါင်းတောင်ကလောင် အဖိုးမွေးနေ့ နှင့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကျင်းပ(တိုကျို-ဂျပန်)
22-3-2010
Photo By Khine Lin
ရွှေဒေါင်းတောင်ကလောင် အဖိုးမွေးနေ့ နှင့် ကမ္ဘာ့ကဗျာနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့Takadanobaba တွင် ဂျပန်ရောက်စာပေအင်အားစုများမှကြီးမှုးကျင်းပပြီး၊ စာပေ၀ါသနာရှင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့  အခမ်းအနား(တိုကျို-ဂျပန်)
14-2-2010
(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့ မီနမီအိုစုကခန်းမမှာ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့ အစည်း(AUN-Japan) မှ ဦးဆောင် ကျင်းပပြုလုပ်ခဲ့ပါတယ်။အခမ်းအနားသို့ တိုင်းရင်းသားခေါင်းဆောင်များ၊ဂျပန်လူမျိုးများ၊မြန်မာဒီမိုကရေစီလှုတ်ရှားသူများ ၄၀၀ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးခွန်ထွန်းဦး ၊ ကိုမင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်များ ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးအမြန်ဆုံးလွတ်မြောက်ရေးအတွက် ချီတက် ဆန္ဒပြ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးခွန်ထွန်းဦး ၊ ကိုမင်းကိုနိုင်နှင့်ကျောင်းသားခေါင်းဆောင်များ ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးအမြန်ဆုံးလွတ်မြောက်ရေးအတွက် ဂျပန်အစိုးရမှ ကူညီဆောင်ရွက်ပေးရန်Tokyo, ikebukuro ဘူတာအနီးရှိ kumin center ရှေ့ပန်းခြံတွင် နံနက် ၁၂း ၀၀ မှစတင်ကာ ချီတက် ဆန္ဒပြတောင်းဆိုခဲ့ကြပြီး အခမ်းအနားကို ootsuka ပန်းခြံတွင်ရုတ်သိမ်းခဲ့သည်။ဂျပန်ရောက်မြန်မာဒီမိုကရေစီလှုတ်ရှားသူများ ၂၀၀ကျော်တက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်းစာဆရာ စာရေးဆရာကြီး လူထုဦးလှ ရာပြည့်ပွဲကျင်းပ
17-1-2010
ရာပြည့်ပွဲကို ယနေ့ Tokyo-Itabashi-kuရှိဘုန်းကြီးကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး၊ အခမ်းအနားကို ၁၁း၄၅ မိနစ်မှ စတင်ကျင်းပခဲ့သည်။အခမ်းအနားကို အလင်းအိမ်တာဝန်ခံကိုရဲငြိမ်း အခမ်းအနားမှူးဖြင့်ဆောင်ရွက်ပြီး ၊ လူထုဦးလှကိုယ်ရေးရာဇ၀င်ကို ကိုသိန်းငွေမှဖတ်ကြားပြီး၊ ဆရာတော်ဦးဓမ္မဇောတိကမှ ဆုံးမသြ၀ါဒများမိတ်ကြားခဲ့သည်။ရာပြည့်ပွဲသို့သတင်းစာဆရာကြီး ဦးဝင်တင်မှပေးပို့သော Massage အသံ File ၊ ဆရာကိုညီပုလေးမှပေးပို့သော Massage အသံ File များကိုဖွင့်လှစ်ပြီး၊ အာဟာရစာစောင်အယ်ဒီတာ ကိုမြင့်နိုင်မှ ဆရာစွမ်းရည်ပေးပို့သော အမှာစကားကိုဖတ်ကြားခဲ့သည်။ကိုဖိုးသံချောင်း၏ အမှာစကားကို အလင်းအိမ်အမှုဆောင်အယ်ဒီတာ ကိုထွန်းငြိမ်း မှဖတ်ကြားပြီး၊ အခမ်းအနားကိုနိဂုံးချုပ်အနေဖြင့် မေခစာစောင် မလေးလေးမှ ပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။တက်ရောက်လာကြသူများအား မုန့်ဟင်းခါးဖြင့် ဧည်ခံကျွေးမွေးခဲ့ပါသည် ။
-------------------- ယခင်သတင်းများ ---------------------
- အဆိုးကျော့ သံသရာမှ လွတ်မြောက်ရာလမ်း ...........လူဗိုလ်......
တော်လှန်ရေးတရပ်ကို ဆင်နွဲလိုသူတိုင်း မျိုးဆက်သစ်နိုင်ငံရေးသမားတိုင်း ဗိုလ်ချုပ်၏ ဖြတ်သန်းမှု သမိုင်းကိုလေ့လာကြရသည်ချည်းသာ ။
- ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် .....ဗတိုးရှိန်....
Top
ဗိုလ်ချုပ်အောင်ဆန်း၏
မိန့်ခွန်းများ ။
စုဆောင်းမိသောဓါတ်ပုံများ ။
ဂုဏ်ပြုကဗျာများ ။
အလင်းအိမ်ကာတွန်းများ
Copyright©2009 အလင်းအိမ် Alineain Magazine